Saturday, December 10, 2011

လုပ်ချလိုက်ပြန်ပြီတနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးခင်ဇော်ရဲ့ ဘက်တော်သားများ


  တနင်္သာရီတိုင်းဒေသကြီး၊   မြိတ် မြို့ ဗိုလ်ချုပ်ခင်မောင်ဌေးကတိုင်းမှူး  က  ခိုးသား
၅၀၀နဲ့အလီဘာဘာဇာတ်ထုတ်ခင်းနေတဲ့လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲက အရပ်ထဲ
ကိုရောက်လာပါပြီ။
တနင်္သာရီတိုင်းဒေသကြီးကို   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
လာမယ်ဆိုပြီးတနင်္သာရီတိုင်းဒေသကြီး လုပ်ငန်းရှင်အကြီးစားတွေနဲ့တွေ့ဆုံပြီးကာချုပ်အတွက်
အကြီးစားတောင်းခံမှုတွေလုပ်ခဲ့ပါတယ်။လုပ်ငန်းရှင်တွေကလည်းအစည်းအဝေးကထွက်လာတာနဲ့ပွစိပွစိနဲ့ မသထာရေစာပေးစာကမ်းစာနဲ့ ကာချုပ်ကို မျက်နှာလုပ်မဲ့ အကြောင်း ဖွတော့တာဘဲ။
        ဒေသခံတွေကိုပြောလိုက်ရင်အားလုံး  အဆင်ပြေသွားမယ်ဆိုတာလုပ်ငန်းရှင်တွေက
သိနေပြီး။   တနင်္သာရီတိုင်းဒေသကြီးကိုရောက်လာတဲ့ တပ်ဘက်ကအရာရှိတွေကဘယ်လို
မှမိမိရဲ့စိတ်တွေကို မပြောင်းလဲနိုင်တာအခုဖြစ်ပျက်နေတာတွေကသာဓကဘဲ။လုပ်ငန်း
ရှင်တစ်ဦးကိုဘယ်လောက် ၊ ဘယ်ကောင်ကတော့ဘယ်လောက် ၊ အားလုံးချုပ်လိုက်ရင်
သိန်း(၅၀၀)လိုတယ်တဲ့၊ကာကွယ်ရးဦးစီးချုပ်ကိုတနသာင်္ရီတိုင်းဒေသကြီးကိုရောက်တုန်း
ရွှေချပေမလို့လား။ ဒါမှမဟုတ် ငှက်ရဲ့တောင်ပံကိုရွှေချပေးတဲ့သဘောလား။ ဒါဆိုရင်
ငှက်ကတော့ ပျံနိုင်တော့မှာမဟုတ်ဘူး။ လူသိရှင်ကြား ပြသာနာဖြစ်အောင်လုပ်တာလား
ဆိုတာစဉ်းစားစရာဘဲ။
        တိုင်းမှူးဗိုလ်ချုပ်ခင်မောင်ဌေးရဲ့ အမိန့်နဲ့ အကြီးစားလုပ်ငန်းရှင်တစ်ဦးကို (၅၀)ပုံးနဲ့
အထက်အသေးစားတစ်ဦးကို (၁၀)ပုံးနဲ့အထက် အားလုံးပေါင်းရင် ပုံး(၅၀၀)လို့ပြောတယ်။
        တနင်္သာရီတိုင်းဒေသကြီးမှာဝန်ကြီးချုပ်ရဲ့ ဇာတ်သိမ်းကိုကြည့်ပြီးနောင်တမရနိုင်
လူကြီးတွေကို သနားမိပါတယ်။ပြည်သူလူထုကိုအလေးထားရကောင်းမှန်းမသိ၊ မိမိ
ကိုယ်ကိုလည်းတန်ဘိုးမထား၊ ဒီလိုလူမျိုးကို ဒီမိုကရေစီနဲ့ထိုက်တန်အောင်ဘယ်လို
သင်ပေးရမှာလဲ။သူခိုးလှေ၊ငါးခိုးလှေတွေဆီကရတဲ့လစဉ်ကြေးတွေဆက်ကြေးတွေဘယ်ရောက်သွား
ပြီလဲ။ပင်လယ်ပြင်စိုးမိုးရေး စစ်ကြောင်းမှူးတစ်ယောက်ရဲ့ လစဉ်ဝင်ငွေက သိန်းလေးထောင့်ငါးရာ နဲ့အထက် ရှိတယ် လို့သိရပါတယ်၊ အဲဒီငွေတွေကို မသုံးဘဲနဲ့ ဘယ်လိုဖြစ်လို့များ လုပ်ငန်းရှင်တွေဆီ က ရစ်ရ ညှစ်ရတာပါလဲ၊ခေတ်ပြောင်းသွားပြီဆိုတာလည်းသတိယကြပါအုံးနော်၊ငွေရဖို့ဘဲ့ တနင်္သာရီ တိုင်းကို အသုံးချတော့မှာလား၊ တနင်္သာရီတိုင်းလုံခြုံရေးကိုလည်း စေတနာထားလို့လုပ်ပေးပါအုံးလို့ ဘဲ့ပြောပါရစေတော့၊ ဒီဇင်ဘာခုနှစ်ရက်နေ့က ရေဖြူမြို့နယ်အတွင်းမှာဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှု့တွေ၊  ထားဝယ်ရေးလမ်းမှမကြာခဏဖြစ်လေ့ရှိတဲ့ဘယ်တော့မှမပေါ်တဲ့ဒမြတိုက်မှု့တွေ ဆက်ကြေးတောင်း မှု့တွေ ကားမီးရှို့မှု့တွေ လူသတ်လုယက်မှု့တွေ က စစ်တပ်နဲ့မဆိုင်ပါဘူးလားခင်ဗျား၊ထားဝယ်သွေး ပါတဲ့ ကာချုပ် ကြီးအနေနဲ့လည်း မိမိနယ်မြေ အေးချမ်းသာယာရေး အတွက် မိမိတာဝန်ယူနေစဉ်အ  ချိန်မှာ စေတနာထားဆောင်ရွက်ပေးပါအုံး၊တပ်မတော်တပ်ရင်း ဆယ်ရင်း ချထားတဲ့ ထားဝယ်ရေး လမ်းမှာ လက်တစ်ဆုပ်စာ ကရင်ငပွေးတွေ ၊တပ်ရင်းဆယ်ရင်းချထားတဲ့ ထားဝယ်မြိတ်လမ်းမှာ ဆယ်ဂဏန်းလောက်ပါတဲ့ ကရင်ငပွေးတွေ လုပ်ချင်သလိုလုပ် သမချင်သလိုဝင်သမသွားတာက  တော့ ခွေးရှုးကိုက်တာထက် နာဖို့ကောင်းပါတယ်နော်၊ဒေသခံတွေကတော့ပြောနေကြပါတယ်  ဟုတ်မဟုတ်တော့မသိဘူး ဖြစ်ပွားနေတဲ့ဒမြမှု့တွေမှာ နယ်မြေခံ တပ်နဲ့သောင်းကျန်းသူတွေ လက်ဝါး ချင်းရိုက် ပေါင်းစားနေလားမသိဘူး၊ကောက်ညှင်းပေါင်းခေတ်ရောက်နေပြီလား အခုတော့ထိပ်ဆုံးက တနင်္သာရီဆိုတဲ့သီချင်းကို ဒမြပြုံးတဲ့တနင်္သာရီလို့ ပြောင်းဆိုဖို့စဉ်းစားနေကြပါပြီ၊
        တနင်္သာရီတိုင်းကိုတိုးတက်အောင်ဘယ်လိုလုပ်ရမယ်  ဆိုတဲ့စိတ်ကူးလေးကူးကြည့်
ဘို့ တိုက်တွန်းချင်ပါတယ်။စိတ်ကူးလေးကိုအကောင်အထည်မဖော်နိုင်ရင်တောင် ပြည်သူတွေ
သိအောင်ချပြပြီး သမ္မတကြီးဆီမှာတောင်းခံသင့်ပါတယ်။
ပြည်သူချစ်တဲ့တမ္မတကြီးခင်ဗျ၊ ဒီလိုလူမျိုးတွေကို ဒီအတိုင်းလက်ပိုက်ကြည့်မနေသင့်  ဘူးလို့ထင်မြင်မိပါကြောင်း၊လေးစားစွာဖြင့်။ 
 
                                                                                    တနင်္သာရီတိုင်းသားတစ်ဦး
 
           
 

No comments:

Post a Comment