Saturday, December 10, 2011
လုပ်ချလိုက်ပြန်ပြီတနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးခင်ဇော်ရဲ့ ဘက်တော်သားများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် မြို့ ဗိုလ်ချုပ်ခင်မောင်ဌေးကတိုင်းမှူး က ခိုးသား
၅၀၀နဲ့အလီဘာဘာဇာတ်ထုတ်ခင်းနေတဲ့လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲက အရပ်ထဲ
ကိုရောက်လာပါပြီ။
တနင်္သာရီတိုင်းဒေသကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
လာမယ်ဆိုပြီးတနင်္သာရီတိုင်းဒေသကြီး လုပ်ငန်းရှင်အကြီးစားတွေနဲ့တွေ့ဆုံပြီးကာချုပ်အတွက်
အကြီးစားတောင်းခံမှုတွေလုပ်ခဲ့ပါတယ်။လုပ်ငန်းရှင်တွေကလည်းအစည်းအဝေးကထွက်လာတာနဲ့ပွစိပွစိနဲ့ မသထာရေစာပေးစာကမ်းစာနဲ့ ကာချုပ်ကို မျက်နှာလုပ်မဲ့ အကြောင်း ဖွတော့တာဘဲ။
ဒေသခံတွေကိုပြောလိုက်ရင်အားလုံး အဆင်ပြေသွားမယ်ဆိုတာလုပ်ငန်းရှင်တွေက
သိနေပြီး။ တနင်္သာရီတိုင်းဒေသကြီးကိုရောက်လာတဲ့ တပ်ဘက်ကအရာရှိတွေကဘယ်လို
မှမိမိရဲ့စိတ်တွေကို မပြောင်းလဲနိုင်တာအခုဖြစ်ပျက်နေတာတွေကသာဓကဘဲ။လုပ်ငန်း
ရှင်တစ်ဦးကိုဘယ်လောက် ၊ ဘယ်ကောင်ကတော့ဘယ်လောက် ၊ အားလုံးချုပ်လိုက်ရင်
သိန်း(၅၀၀)လိုတယ်တဲ့၊ကာကွယ်ရးဦးစီးချုပ်ကိုတနသာင်္ရီတိုင်းဒေသကြီးကိုရောက်တုန်း
ရွှေချပေမလို့လား။ ဒါမှမဟုတ် ငှက်ရဲ့တောင်ပံကိုရွှေချပေးတဲ့သဘောလား။ ဒါဆိုရင်
ငှက်ကတော့ ပျံနိုင်တော့မှာမဟုတ်ဘူး။ လူသိရှင်ကြား ပြသာနာဖြစ်အောင်လုပ်တာလား
ဆိုတာစဉ်းစားစရာဘဲ။
တိုင်းမှူးဗိုလ်ချုပ်ခင်မောင်ဌေးရဲ့ အမိန့်နဲ့ အကြီးစားလုပ်ငန်းရှင်တစ်ဦးကို (၅၀)ပုံးနဲ့
အထက်အသေးစားတစ်ဦးကို (၁၀)ပုံးနဲ့အထက် အားလုံးပေါင်းရင် ပုံး(၅၀၀)လို့ပြောတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာဝန်ကြီးချုပ်ရဲ့ ဇာတ်သိမ်းကိုကြည့်ပြီးနောင်တမရနိုင်
လူကြီးတွေကို သနားမိပါတယ်။ပြည်သူလူထုကိုအလေးထားရကောင်းမှန်းမသိ၊ မိမိ
ကိုယ်ကိုလည်းတန်ဘိုးမထား၊ ဒီလိုလူမျိုးကို ဒီမိုကရေစီနဲ့ထိုက်တန်အောင်ဘယ်လို
သင်ပေးရမှာလဲ။သူခိုးလှေ၊ငါးခိုးလှေတွေဆီကရတဲ့လစဉ်ကြေးတွေဆက်ကြေးတွေဘယ်ရောက်သွား
ပြီလဲ။ပင်လယ်ပြင်စိုးမိုးရေး စစ်ကြောင်းမှူးတစ်ယောက်ရဲ့ လစဉ်ဝင်ငွေက သိန်းလေးထောင့်ငါးရာ နဲ့အထက် ရှိတယ် လို့သိရပါတယ်၊ အဲဒီငွေတွေကို မသုံးဘဲနဲ့ ဘယ်လိုဖြစ်လို့များ လုပ်ငန်းရှင်တွေဆီ က ရစ်ရ ညှစ်ရတာပါလဲ၊ခေတ်ပြောင်းသွားပြီဆိုတာလည်းသတိယကြပါအုံးနော်၊ငွေရဖို့ဘဲ့ တနင်္သာရီ တိုင်းကို အသုံးချတော့မှာလား၊ တနင်္သာရီတိုင်းလုံခြုံရေးကိုလည်း စေတနာထားလို့လုပ်ပေးပါအုံးလို့ ဘဲ့ပြောပါရစေတော့၊ ဒီဇင်ဘာခုနှစ်ရက်နေ့က ရေဖြူမြို့နယ်အတွင်းမှာဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှု့တွေ၊ ထားဝယ်ရေးလမ်းမှမကြာခဏဖြစ်လေ့ရှိတဲ့ဘယ်တော့မှမပေါ်တဲ့ဒမြတိုက်မှု့တွေ ဆက်ကြေးတောင်း မှု့တွေ ကားမီးရှို့မှု့တွေ လူသတ်လုယက်မှု့တွေ က စစ်တပ်နဲ့မဆိုင်ပါဘူးလားခင်ဗျား၊ထားဝယ်သွေး ပါတဲ့ ကာချုပ် ကြီးအနေနဲ့လည်း မိမိနယ်မြေ အေးချမ်းသာယာရေး အတွက် မိမိတာဝန်ယူနေစဉ်အ ချိန်မှာ စေတနာထားဆောင်ရွက်ပေးပါအုံး၊တပ်မတော်တပ်ရင်း ဆယ်ရင်း ချထားတဲ့ ထားဝယ်ရေး လမ်းမှာ လက်တစ်ဆုပ်စာ ကရင်ငပွေးတွေ ၊တပ်ရင်းဆယ်ရင်းချထားတဲ့ ထားဝယ်မြိတ်လမ်းမှာ ဆယ်ဂဏန်းလောက်ပါတဲ့ ကရင်ငပွေးတွေ လုပ်ချင်သလိုလုပ် သမချင်သလိုဝင်သမသွားတာက တော့ ခွေးရှုးကိုက်တာထက် နာဖို့ကောင်းပါတယ်နော်၊ဒေသခံတွေကတော့ပြောနေကြပါတယ် ဟုတ်မဟုတ်တော့မသိဘူး ဖြစ်ပွားနေတဲ့ဒမြမှု့တွေမှာ နယ်မြေခံ တပ်နဲ့သောင်းကျန်းသူတွေ လက်ဝါး ချင်းရိုက် ပေါင်းစားနေလားမသိဘူး၊ကောက်ညှင်းပေါင်းခေတ်ရောက်နေပြီလား အခုတော့ထိပ်ဆုံးက တနင်္သာရီဆိုတဲ့သီချင်းကို ဒမြပြုံးတဲ့တနင်္သာရီလို့ ပြောင်းဆိုဖို့စဉ်းစားနေကြပါပြီ၊
တနင်္သာရီတိုင်းကိုတိုးတက်အောင်ဘယ်လိုလုပ်ရမယ် ဆိုတဲ့စိတ်ကူးလေးကူးကြည့်
ဘို့ တိုက်တွန်းချင်ပါတယ်။စိတ်ကူးလေးကိုအကောင်အထည်မဖော်နိုင်ရင်တောင် ပြည်သူတွေ
သိအောင်ချပြပြီး သမ္မတကြီးဆီမှာတောင်းခံသင့်ပါတယ်။
ပြည်သူချစ်တဲ့တမ္မတကြီးခင်ဗျ၊ ဒီလိုလူမျိုးတွေကို ဒီအတိုင်းလက်ပိုက်ကြည့်မနေသင့် ဘူးလို့ထင်မြင်မိပါကြောင်း၊လေးစားစွာဖြင့်။
တနင်္သာရီတိုင်းသားတစ်ဦး
Monday, October 17, 2011
တနင်္သာရီ ၀န်ကြီးချုပ် ဦးခင်ဇော်
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ တိုင်းအတွင်းက အမတ်(၁၈)ဦးရဲ့ လက်မှတ်ထိုး တိုင်ကြားခံရခြင်း၊ သမ္မတ ၊ ဒုသမ္မတ ၊ လွှတ်တော်ဥက္ကဌ များရဲ့ ဆူပူ ကြိမ်းမောင်းမှုခံရခြင်း စတဲ့ ဂြိုဟ်စီးဂြိုဟ်နင်း ညံ့နေလို့ အိမ်မက်မကောင်းဖြစ်နေလို့လား မသိပါ။ ဂေါ်ဇီလာအနွယ်ဝင် ဇနီး ၊ သမီး ရံရွှေတော်များနှင့် အတူတကွ ယတြာချေနေကြတယ် ကြားရပါတယ်။ယတြာအစွမ်းနဲ့ ဒေသနဲ့ပြည်သူများရဲ့မေတ္တာတော် စူးရှမှု နှစ်ခုအားပြိုင်ရင် ဘယ်က အသာစီး အနိုင်ရမှာပါလဲ။
ကျွန်တော်တို့ဒေသရဲ့ အာဏာရှင် အဓိပတိ ဦးခင်ဇော်တစ်ယောက် အခုတလော ဒေသအတွင်းက ကျန်ကျောင်းတစ်စု(သူခိုးအုပ်စု)နဲ့ ပလဲနံပ သင့်နေလေရဲ့ ၊ အဲဒီ ကျန်ကျောင်းတွေက မြိတ်လှသန်း၊ သူရလှိုင်၊ စိုးဝင်း၊ အောင်စိုး၊ ဝင်းဗိုလ် နဲ့ ကော့သောင်းက အောင်နိုင်တို့ ဖြစ်တယ်။ အဲဒီကျန်ကျောင်း လုပ်ငန်းရှင်တွေကလည်း အခုတလော တော်တော် အဆင်ပြေနေပါတယ်။ တနင်္သာရီတိုင်းအတွင်း အလုပ် လုပ်ချင်ရင် ဝန်ကြီးချုပ်ကို ပေးလိုက်ရင်ပြီးပြီ။ ပေးတဲ့နေရာမှာလဲ ငွေမပေးဘဲ ရွှေဘဲ ပေးတယ်လို့ ကြားသိရပါတယ်။ တစ်ခုစဉ်းစားစရာ ကောင်းတာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်အမတ် တစ်ဦးကို ဒေသနေ ပြည်သူများရဲ့ တစ်ရာခိုင်နှုန်းက တိုင်ကြားရင် လွှတ်တော်အမတ်အဖြစ်ကနေ နှုတ်ထွက်ရပါတယ်။ အဲဒီတော့ ဝန်ကြီးချုပ်က အဲဒီ ဒေသအတွင်း ကျန်ကျောင်းတွေကိုအသုံးချပြီး ဒေသနေ ပြည်သူများရဲ့တစ်ရာခိုင်နှုန်း ကန့်ကွက် တိုင်ကြားအောင် စီစဉ်ပြီး သူ့ကိုသမ္မတဆီ တိုင်တဲ့ လွှတ်တော် အမတ်တွေကို လက်စားခြေမှာလား ဆိုတာကိုတော့ ကာလ ပိတ်ကားပေါ်မှာဘဲ စောင့်ကြည့်ရဦးမှာပါ။
ကော့သောင်းက အုပ်ချုပ်ရေးမှုးလုပ်ပုံ
ကော့သောင်းကမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း တို့ လုပ်ပုံများ ပြောကို မပြောချင်တော့ပါ။ ကော့သောင်းမှာ ရှိတဲ့ အိမ်ကြိုအိမ်ကြား ၊ လမ်းကြိုလမ်းကြား၊ အမှိုက်ပုံမြေပါမကျန် မြေလွတ်တွေရှာပြီး ရောင်းစားပါတယ်။ လုပ်စရာကုန်တော့ အေးရိပ်ငြိမ် အထက်တန်းစာသင်ကျောင်း ရှေ့က ကျောင်းပိုင်ဝန်ထမ်း အိမ်ယာ အပါအဝင် မြေနှစ်ကွက်စာကို သိန်းနှစ်ရာနဲ့ ရောင်းစားပါတယ်။ ပြီးတော့ ကျောင်းဝင်းထဲမှာ ကြက်ခြံသာသာ မဒမ ခင်း၊ သွပ်မိုး၊ ယိုင်ကာလေး တစ်ဆောင် ပြန်ဆောက်ပေးပါတယ်။ ပညာရေးဌာန တိုးတက်အောင် မြို့နယ်အာဏာပိုင်က အားပေးပုံပါ။
အဲဒီပြသာနာကိုကြားတော့ ၂ဝ၁ဝမှာ ရွေးကောက်ပွဲဝင် အနိုင်ရတယ် ဆိုပြီး ဘဝင်မြင့်နေတဲ့ ကြံ့ဖွံ့တွေက ဝန်ကြီးချုပ်ဦးခင်ဇော်ကို တိုင်ကြပါတယ် တဲ့။
ဝန်ကြီးချုပ်ကလည်း ဒီလို လုပ်လို့ ရမလား၊ ဘာညာသာရကာ ဆိုပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး (၂)ကြိမ် တိုင်အောင် စစ်ဆေးပါသတဲ့၊ အစစ်ခံရသူ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဘယ်လိုစစ်လည်း မသိပါဘူး သက်သေ အစစ်ခံရတဲ့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့ကတော့ ''အဟောက်ခံရလွန်းလို့ ငို၍ရီ၍ မရသော မျက်နှာတွေ '' ဖြစ်သွားကြတယ်လို့ ကြားသိရပါတယ်။
ဒီလိုနဲ့ ပြဿနာက အေးချမ်းစွာ ပြီးသွားပါတယ်။ နောက်မှကြားရတာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဝန်ကြီးချုပ်ဦးခင်ဇော်ရှေ့တော်မှောက် အခစားဝင် ရေ အပုံး(၃ဝ)လောင်းလိုက်တယ် ဆိုဘဲ။
ကော့သောင်းက ကြံ့ဖွံ့တွေလည်း ငြိမ်ကျသွားပါလေရော။
ဟုတ်တယ်လေ .. မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကို ရှာကျွေးနေတာကိုး။
ထိုင်းမှာ အလုပ် လုပ်ချင်သူတွေ ကြုံရတတ်တဲ့ ဒုက္ခ
ကော့သောင်း/ရနောင်း ဒေသက လာတဲ့စာ
MOU လို့ခေါ်တဲ့ လူသစ်ခေါ်ပြီး PASSPORT လုပ်ပေးတဲ့အလုပ် ခေတ်စားလာလို့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကော့သောင်းကို လာပြီး အလုပ်လုပ်ဖို့ ဆင်းလာကြတဲ့သူတွေကလည်း မစဲ၊ ကုမဏီတွေ ပွဲစားတွေ အေးဂျင့်တွေကလည်း လူကြိုကြ အိမ်ငှားကြ ထမင်းချက်ကျွေးကြ နဲ့ ပွဲတော်ကြီး ဖြစ်နေကြတယ်။
လူလိမ်တွေရဲ့ လှည့်ကွက်ထဲ မဝင်မိအောင် ပြည်သူတွေ သိအောင် အတွေ့အကြုံလေး တစ်ခု ပြောပြချင်ပါတယ်။
မကြာသေးမီက ကော့သောင်းဗီဇာရုံးမှာ အက်စ်ဘီကလူကြီးရဲ့ ချိုတီဝပ်နဲ့ အမ်ကေ ဆိုတဲ့ company က လူခေါ်တယ်၊ အလုပ်သမား ခေါ်ခွင့်ရတာက ၅ဝ။ သူက အလုပ်သမား တစ်ယောက်ကို ဘတ်၁ဝဝဝ(မြန်မာငွေ၂၆ဝဝဝကျပ်) ပွဲခရတာမို့ လူ ၇ဝ လောက် ခေါ်လိုက်တယ်။
ရနောင်း ရောက်တော့ မူလအလုပ်ရှင်က လူ၅ဝဘဲခေါ်သွားတော့ ကျန်တဲ့လူ၂ဝကျော်မှာသွားစရာလည်းမြေမရှိ နေစရာလည်း အိမ်မရှိဘဲ ဒုက္ခရောက်နေတုန်း ကိုဝသုန် ဆိုတဲ့လူက ဘယ်လို ဖြေရှင်းပေးလိုက်သလဲ ဆိုတော့ လူ ၂ဝ ကျော်ကို တခြားစက်ရုံအလုပ်ရုံ ပိုင်ရှင်တွေဆီမှာ ကျွန်ရောင်းသလို လိုက်ရောင်းတာ ၄ ရက်တောင် ကြာတယ်။
အလုပ် လုပ်ချင်တဲ့သူတွေကို ခေါ်တုန်းက ငါးသတ္တာစက်ရုံ အအေးခန်းစက်ရုံ ပိုင်ရှင်တွေဆီမှာလို့ပြောပြီး ပိုတဲ့လူ၂ဝကျော်ကတော့ ကံစီမံရာဆိုပြီး အလုပ်ကြမ်းတွေ ဖြစ်တဲ့ ပန်းရံ ၊ ထင်းခုတ်၊ အုတ်ဖုတ်၊ သစ်စက် သံရည်ကြို ပုံသွင်းတွေ လုပ်ရတော့ မလုပ်နိုင်ဘဲအခက်အခဲ ဒုက္ခတွေနဲ့ ကြုံ ကြရတယ်၊ ကယ်ပါဦးလို့ ဦးဝသုန်ကြီးကို အကူအညီ တောင်းတော့ တခြားတစ်နေရာကို ထပ်ပို့လိုက်တယ်။
နောက်ထပ် ပို့လိုက်တဲ့နေရာက ပိုဆိုးတော့ အလုပ်ရှင်က အလုပ်ကြမ်း မလုပ်နိုင်တဲ့ ၁၅ ယောက်ကို အလုပ်ထုပ်ပစ်လိုက်တယ်။ company ပိုင်ရှင်လား အေးဂျင့်လားမသိတဲ့ တာဝန်ခံ ဦးဝသုန်က လာလည်း မခေါ် နေရပ်လည်း ပြန်မပို့။ စကားပြန်ဒေါ်သက်မာကလည်း ဖုန်းပိတ်ထား။
ဦးဝသုန်က မင်းတို့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက နယ်ပြောင်းခွင့်မပြုဘူး မင်းတို့ထိုက်နဲ့ မင်းတို့ကံဘဲ လို့ ဖုန်းထဲကနေ ဘီလူးကြိမ်းကြိမ်း တာကိုခံလိုက်ရပြီး ထပ်မံ ဆက်သွယ်တော့ ဖုန်းပိတ်လိုက်လို့ ဆက်သွယ်လို့ မရတော့ဘူး။
ဦးဝသုန်ရဲ့ မျက်လုံးပြူး လက်ညိုးကြီးထိုးပြီး ဟိန်းဟောက်နေတဲ့ပုံကို မျက်စိထဲမှာမြင်ပြီး ညအိမ်ရင်တောင် လန့်နိုးမိပါတယ်။ တကယ်တော့ ထိုင်းရောက်မှ အတွေ့ အကြုံအရ သိလိုက်ရတာက sub contract ဆိုတဲ့ company က ပွဲစား အေးဂျင့်သက်သက်ဖြစ်ပြီး သူတို့မှာ စက်ရုံအလုပ်ရုံ ကိုယ်ပိုင်မရှိဘူး ဈေးကောင်းတဲ့ဆီမှာကြုံသလိုလိုက်ရောင်းပြီး သူတို့အကျိုး အမြတ်ရဘို့ လူတွေကို ကျွန်ရောင်းသလို ရောင်းနေကြတာ ဆိုတာပါဘဲ။
Saturday, October 8, 2011
ကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၁)
မြန်မာပိုင် ကော့သောင်း ပင်လယ်ပြင်မှ သဲများသယ်ဆောင်လာတဲ့ HAM 318 သဲစုပ်သင်္ဘောမှ စင်ကာပူ ကုန်းတွင်းပိုင်းသို့ သဲများ မှုတ်တင်နေသောပုံ
(ဓာတ်ပုံ စင်ကာပူရောက် တာဝန်သိ ပြည်သူ့သတင်းထောက်အား ကျေးဇူးတင်ပါသည်)
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့က မြန်မာပြည်မြောက်ဖျား ဧရာဝတီမှသည်.. ကော့သောင်း ကမ်းလွန်ပင်လယ်ပြင်ဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့မြေ ကော့သောင်းပင်လယ်ပြင်မှာ စင်ကာပူမှ သဲတင်သဘောင်္များနဲ့ သဲများစုပ်ယူ ပို့ဆောင်နေတဲ့ အကြောင်း တင်ပြခဲ့ပါတယ်...။ (ပြန်ဖတ်ချင်ရင် Click) ယနေ့ကော့သောင်း ပင်လယ်ပြင်အနီး တဝိုက်မှာ သဲများစုပ်ယူ သယ်ဆောင်နေမှုကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ ငါးဖမ်းလုပ်ငန်းများ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်...။ ကော့သောင်းမြို့မှ သဲများစင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီး မည်သို့ အသုံးပြုနေပုံ အကြောင်း ပေးပို့လာတဲ့ စင်ကာပူရောက် မြန်မာတဦးမှ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်း၊ ဓာတ်ပုံများအား ဖော်ပြလိုက်ရပါတယ်...။
စင်ကာပူနိုင်ငံဟာ မိမိနိုင်ငံအကျယ်အဝန်းကို ချဲ့ထွင်ဖို့အတွက် ယခင်က မလေးရှားနိုင်ငံမှ စတင်ဝယ်ယူခဲ့ပါတယ်...။ စတင်ဝယ်ယူစဉ်က ကမ်းပါးထိန်းသိမ်းယုံသာ အသုံးပြုမည်ဟု အကြောင်းပြချက်ဖြင့် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်...။ နောက်ပိုင်းမှာ နယ်မြေဧရိယာချဲ့ထွင်ဖို့ ဝယ်ယူတယ်ဆိုတာ သိရှိသွားခဲ့တဲ့ အချိန်မှာတော့ မလေးရှားမှ သဲရောင်းချမှုအား ရပ်ဆိုင်းခဲ့ပါတယ်...။ မလေးရှားနိုင်ငံမှ သဲရောင်းချမှုအား ရပ်ဆိုင်းခဲ့တဲ့ အခါမှာတော့ အင်ဒိုနီးရှားနိုင်ငံမှ ဆက်လက်ဝယ်ခဲ့ပါတယ်...။ အင်ဒိုနီးရှားအား မလေးရှားမှ ကန့်ကွက်ခဲ့မှုကြောင့် ရောင်းချမှုအား ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်...။ နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံမှ ဝယ်ယူခဲ့ပြီး အဆိုပါနိုင်ငံများမှလည်း နှစ်အနည်းငယ်အတွင်း ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပါတယ်...။
ကော့သောင်း ပင်လယ်ပြင်မှ သဲများစုပ်ယူမှုကြောင့် ကြီးမားတဲ့ ဂလိုင်များဖြစ်ပေါ်ပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်များမှာ ပုံပါအတိုင်းမြင်တွေ့ရပုံ
(ဓာတ်ပုံ ကော့သောင်း အဖွဲ့ချုပ်အား ကျေးဇူးတင်ပါသည်..)
ယနေ့အချိန်မှာတော့ ကော့သောင်းမြို့အနီး တနင်္သာရီကမ်းရိုးတန်းနှင့် ပါချန်မြစ်ဆုံရာမှာ စင်ကာပူနိုင်ငံမှ သဲစုပ်ရေယာဉ်များနဲ့ သဲတင်သဘောင်္များ ဥဒဟိုဝင်ထွက် သွားလာနေပြီး မြန်မာ့သဲများအား စင်ကာပူနိုင်ငံသို့ ပို့ဆောင်နေပါတယ်...။ စင်ကာပူ သဲဈေးကွက်မှာ သဲ(၁)တန် ပွဲစားဈေး ဒေါ်လာ၅၀ ပေါက်ဈေးရှိပေမယ့် မြန်မာပြည်မှ ဝယ်ယူတဲ့ ဈေးကတော့ (၁)တန်ဒေါ်လာ (၂၀)ဈေးနဲ့ဝယ်ယူတယ်လို့ ဆိုပါတယ်...။ ၂၀၁၀ခုနှစ် အောက်တိုဘာလမှ ကော့သောင်း ကမ်းလွန်ပြင် (၁၀)မိုင်ခန့်အကွာမှာ လာရောက်စုပ်ယူနေရာမှ ယနေ့အချိန်မှာ ၁မိုင်နဲ့ ၂ဖါလုံ အကွာအဝေးအထိ အနီးကပ် လာရောက်စုပ်ယူနေတဲ့ အတွက်ကြောင့် ပတ်ဝန်းကျင် လူနေအိမ်ခြေများ ပျက်ဆီးမှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်..။ အိမ်နီးချင်းနိုင်ငံများမှ မိမိနိုင်ငံ၏ သဘာဝအရင်းအမြစ်များအား ပျက်စီးဆုံးရှုံးမှုကြောင့် ရောင်းချမှုအား ရပ်တန့်ထားခဲ့သော်လည်း မြန်မာအစိုးရမှ ငွေမျက်နှာသာ ကြည့်ပြီး အထူးနည်းပါးသော ဈေးနှုန်းများဖြင့် ရောင်းချနေမှုကြောင့် ပတ်ဝန်းကျင်ဂေဟ စံနစ်များ ပျက်စီးမှုများ၊ ကြီးမားတဲ့ ဂလိုင်များ ဖြစ်ပေါ်မှုကြောင့် ရေပြင်အနေအထား နိမ့်ကျမှုများ၊ လူနေအိမ်ခြေများ ပျက်စီးမှု ရေနေသတ္တဝါများ ရှားပါးမှုများနဲ့ ကြုံတွေ့နေရပါတယ်...။
ကော့သောင်း ပင်လယ်ပြင်မှ သဲတင်ဗော်ယာအား အနီးကပ် မြင်တွေ့ရစဉ် (ဓာတ်ပုံ ကော့သောင်းအဖွဲ့ချုပ်)
စင်ကာပူနိုင်ငံ Pulau Tekong မူလကျွန်းမြေပုံ...
သဲဖို့ပြီးသောနေရာ အစိမ်းရောင်ပေါ်၌ တည်ဆောက်ရေးလုပ်သော အပိုင်းနှင့် သဲဖို့ရန် ကျန်သေးသော အဝါရောင် အပိုင်း အကွာအဝေး ရေမိုင်ဖြင့်
ကုန်ချနေသော သဲသင်္ဘောကြီး နှင့် သဲကုန်တင်ရန် စောင့်နေသော ဆွဲသင်္ဘောငယ်
ကုန်ချနေသော သဲသင်္ဘောကြီး နှင့် သဲကုန်တင်ရန် စောင့်နေသော ဆွဲသင်္ဘောငယ်
တိုးချဲ့မြေပေါ်က ၂၀၁၀-၁၁မှာ တည်ဆောက်ပြီးသွားသော စက်ရုံတစ်ခု မြေဖို့ရန် ကျန်နေသေးသော အတွင်းပိုင်းနှင့် အပြင်မှ ဘောင်ခတ်ပြီး ဒီရေတားရန် ကျောက်စီထားသော ကမ်းပါးတစ်ခုအား မှန်ပြောင်းဖြင့် ဆွဲရိုက်ထားပုံ..
ကိုယ့်တိုင်းပြည်မှာ မြေနေရာတွေ ဆုံးရှုံး၊ လူနေအိမ်တွေ ပျက်စီး.. ဂေဟစံနစ်တွေပျက်စီး တခြားတဖက် စင်ကာပူမှာတော့ မြေနေရာတွေ ထပ်တိုး ကိုယ့်မြေက သူတပါးဆီရောက် ... တိုင်းပြည်ကို သဲမြေပါမကျန် ရောင်းစားနေတဲ့ ဘနဖူးသိုက်တူးတွေ ကိုယ်ကျိုးသာကြည့်ပြီး ပြည်သူတွေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ မထင်တဲ့ တဘို့တည်း သမားတွေရဲ့ လုပ်ရပ်တွေပါပဲ..
အပိုင်း(၂) သတင်းဓာတ်ပုံများ၊ ဆက်လက်ဖော်ပြပါမည်...။ ဓာတ်ပုံများအတွက် ကော့သောင်း (NLD)နဲ့ စင်ကာပူမှ တာဝန်သိ ပြည်သူ့သတင်းထောက်အား ကျေးဇူးတင်ပါသည်...။
ဒီမိုဝေယံ...
ကော့သောင်း အိမ်နဲ့ ကမ်းပါးပြိုမှု သတင်း ဖတ်ချင်ရင် Clickကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၂)
စင်ကာပူနိုင်ငံမှ သဲစုပ်ရေယာဉ်များ၏ မဆင်မခြင် သဲစုပ်ယူနေမှုကြောင့် ကော့သောင်း ဝန်းကျင်ကျေးရွာတွေမှာ ဤသို့ ကမ်းခြေနိမ့်ကျမှုများနှင့် အပျက်အစီးများ ကြုံတွေ့နေရပြီး... အောက်မှာတော့.. မြင်ရတဲ့ အတိုင်း...
စင်ကာပူနိုင်ငံရဲ့ တိုးချဲ့ကျွန်းမြေပေါ်မှာတော့ မြန်မာပြည်မှ သဲများအား သဲသင်္ဘောကြီးမှ သဲတင်လာပြီး ရေပြင်ထဲ လိုက်ဖြည့်နေသော သင်္ဘောငယ် တစ်စီးပုံကို တွေ့မြင်ရမှာပါ... ကိုယ့်မြေပေါ်မှာ ပြည်သူတွေ ပျက်စီးဆုံးရှုံးမှုတွေကို မည်သူကို တိုင်တန်းရမှန်း မသိ၊ အရေးယူ ဆောင်ရွက်ပေးသူ မရှိနဲ့ ကြုံတွေ့နေရချိန်မှာ စင်ကာပူ နိုင်ငံမှာတော့ အဆောက်အဦးတွေ တည်ဆောက်ဖို့ အတွက် ကိုယ့်မြေမှ သဲများနဲ့ ပင်လယ်ကို မြေဖို့နေပါပြီ..။ ဦးနှောက် ယိုစီးမှု၊ လုပ်အား ယိုစီးမှု၊ ရွှေ့ပြောင်းအလုပ်သမားတွေ အပြင်၊ ရွှေ့ပြောင်း သက်မဲ့ကျွန်းတွေလို့ ခေါ်ဆိုနိုင်မလားပဲ..။ ကိုယ့်မြေ ကိုယ့်ပြည်မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံ့တွေ့နေရ... ကိုယ့်ဆီမှာ အပျက်တရား၊ တိုင်းတပါးမှာတော့ မြင်ရတဲ့ အတိုင်း အဖြစ်တရားပေါ့။ မြန်မာပြည်က အာဏာပိုင်ဆိုသူတွေ လုပ်ရပ် တရားပါသလား...
jurong ကျွန်းမြေပုံ
တည်ဆောက်နေဆဲ ပြမြေပုံ..
၁မိုင်ကျော်ပတ်လည် သဲဖြည့်ရန် ကျန်နေသေးသော နေရာ
၁၂.၀၉.၂၀၁၁ မှာ ကုန်ချနေသော သဲသင်္ဘောကြီး HEILAN STAR
၁၂.၀၉.၂၀၁၁ မှာ ကုန်ချပြီး မြန်မာပြည်ကို ထွက်ခွာရန် ရေကြောင်းပြ စောင့်နေသော သဲသင်္ဘောကြီး SERENITY I
၁၃.၀၉.၂၀၁၁ ၌ ကုန်ချနေသော HEILAN STAR နှင့် SIN OCEAN သဲသင်္ဘောကြီး ၂-စီး
၂၅.၀၉.၂၀၁၁ မှာ စင်ကာပူကို ရောက်ရှိလာပြီး သဲချနေသော PAULOWNIA သဘောင်္ကြီး
၂၆.၀၉.၂၀၁၁၌ သဲများချပြီး ပြန်လည်ထွက်ခွာရန် ရေကြောင်းပြ စောင့်နေသော သဲတင်သင်္ဘော Star Zeta .. ကုန်တန်ချိန် ၅၀၀၀၀ကျော် တင်နိုင်တဲ့ အဆိုပါ သင်္ဘောကြီးများ ၁လကို ၂ခေါက် ၃ခေါက် မြန်မာပြည်မှ ဝင်ပါတယ်....။ (ဓာတ်ပုံ ပြည်သူ့သတင်းထောက်)၂၀၀၇ မှာ ဆီဈေးထိုးတက်အပြီး ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ မှာ အပြိုင်အရိုင်းနှင့် တည်ဆောက်ပြီးသွားတဲ့ စင်ကာပူ တိုးချဲ့ကျွန်း Jurong Isalnd (ကော့သောင်းသဲကျွန်းလို့ ခေါ်လေမလား) ပေါ်က ဆီလှောင်ကန်များ...
HAM 318 သဲစုပ်သင်္ဘောမှ မှုတ်တင်ပေးထားသော သဲများကို ကုန်းတွင်းပိုင်း ဆောက်လုပ်ရေးခွင်သို့ ကုန်တင်ကားများဖြင့် ပြောင်းရွှေ.နေစဉ်...
၂၀၀၉ခုနှစ်မှာ တိုးချဲ.မြေပေါ်၌ တည်ဆောက် ပြီးစီသွားတဲ့ ဆီလှောင်ကန်များ နှင်. ယနေ. (၈.၉.၁၁) မှာ တိုးချဲ့မြေပေါ်၌ဆောက်နေသော ဆီလှောင်ကန်မြင်ကွင်းတခု...
ယခင် နအဖလက်ထက်၌ တိုင်းပြည်ရဲ့ သယံဇာတများနဲ့ သဘာဝရင်းမြစ်များအား မြန်မာပြည် မြောက်ဘက်စွန်း ကချင်ပြည်နယ် မြစ်ဆုံမှ အမိဧရာဝတီမြစ်ကြီးအား လက်ညှိုးထိုး ရောင်းစားခဲ့သလို တောင်ဘက်စွန်း ကော့သောင်းမြို့မှ သဲပါမချန် ရောင်းစားခဲ့ကြတာပါ...။ အရှေ့တောင် အာရှနိုင်ငံများမှ စင်ကာပူနိုင်ငံရဲ့ ကျွန်းမြေချဲ့ထွင်မှုအား ကန့်ကွက်သည့် အနေဖြင့် သဲရောင်းချမှုအား ပိတ်ပင်တားဆီး ခဲ့သော်လည်း မြန်မာပြည်မှ အင်မတန် အဖိုးနှုန်းချိုသာသော ဈေးနှုန်းနဲ့ ဆက်လက်ဝယ်ခဲ့ပါတယ်....။ တလတလ အတိုင်းအဆ မည်မျှ ပမာဏအား ရောင်းချနေသည် မသိရသော်လည်း ကုန်တန်ချိန် ၅သောင်းကျော် တင်နိုင်တဲ့ သဘောင်္ကြီးများ စင်ကာပူသို့ လစဉ် ၂ခေါက် ၃ခေါက်ခန့် ဝင်ရောက်နေတဲ့ အကြောင်းကို စင်ကာပူနိုင်ငံရောက် တာဝန်သိ မျိုးချစ်မြန်မာ တစ်ဦးမှ အထောက်အထားများနဲ့ ပေးပို့လာပါတယ်.။
အဆိုပါ စင်ကာပူနိုင်ငံမှ သဲတင် သဘောင်္များရဲ့ ယခင် ကမ်းလွန်ပင်လယ်ပြင်မှ ယခုကမ်းခြေ အနီး ၁၀ဖာလုံခန့် အကွာထိ လာရောက် စုပ်ယူနေတဲ့ အတွက် ကမ်းပါးပြိုမှု၊ သဲသောင်ပျက်စီးမှု၊ သဲခုံများ လျော့ကျခြင်းနှင့် ပြိုကျခြင်းများကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်...။
အပျက်အစီးများနဲ့ ကြုံတွေ့နေရတဲ့ ပုလုံးတုံးတုံးကျွန်း (ဓာတ်ပုံ ဒီမိုဝေယံ)
(၆.၉.၂၀၁၁) တွင် သမ္မတ ဆီသို့လိပ်မူကာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ စစ်ဗျူဟာနှင့် သက်ဆိုင်ရာ ဌာန အသီးသီးသို့ စကာင်္ပူနိုင်ငံမှ ဧရာမ သဲစုပ်သင်္ဘောကြီးများ ကော့သောင်းမြို့နှင့် အလွန်နီးကပ်စွာ သဲစုပ်ယူနေမှုကြောင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ကမ်းပါးပြိုမှုများ ငါးနှင့်၊ ပုဇွန်များ ရှားပါးနေသည့် အပေါ် အရေးယူ ဆောင်ရွက်ပေးပါရန် စာရေးသားပေးပို့ တိုက်တွန်း နိုးဆော်ထားသော်လည်း ယုခုထက်ထိ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် နောက်ထပ် သဲတင်သဘောင်္ကြီး (၂) စီးပင်ထပ်တိုး စုပ်ယူ လာနေတယ်လို့ ဆိုပါတယ်..။ (ကော့သောင်းအဖွဲ့ချုပ်)
အချုပ်အားဖြင့် ဆိုရသော် မိမိတိုင်းသူပြည်သား လူအများ၏ အကျိုး၊ သဘာဝရင်းမြစ်များ ပျက်ဆီး ဆုံးရှုံးနေမှုဆိုးကျိုး၊ ဂေဟစံနစ်များပျက်စီးနေရသည့် ဆိုးကျိုး၊ အသက်အိုးအိမ် စည်းစိမ်ဆုံးရှူံးမှုဆိုးကျိုး၊ အစရှိသည့်ဆိုးကျိုး အပေါင်းကို လျစ်လျူရှုကာ တိုင်းတပါးအတွက် သဲပါမချန်ရောင်းစားနေတဲ့ အာဏာပိုင်များ၏ လုပ်ရပ်အား အများပြည်သူသိရှိစေရန် ရေးသားတင်ပြလိုက်ရပါတယ်...။
ဒီမိုဝေယံ..
သတင်း၊ ဓာတ်ပုံများအား ဆက်လက်ဖော်ပြပေးပါမယ်..။
ဓာတ်ပုံများအတွက် ကော့သောင်း(NLD)နဲ့ စင်ကာပူရောက် ပြည်သူ့သတင်းထောက်အား ကျေးဇူးတင်ပါသည်...။
ကော့သောင်း အိမ်နဲ့ ကမ်းပါးပြိုမှု သတင်း Click
ကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၁) Click
ဘုရားစူး လမ်း

ဖေ့စ်ဘုတ်ထဲမှာ Su Per ဆိုသူက ဒီလို ရေးထားပါတယ်။
“ဒီလမ်းကို ဓာတ်ပုံမရိုက်ရဘူးပြောလို့ ကားထဲကပဲ ရိုက်လိုက်ရတယ်။ ဒါကဒီလိုရှိပါတယ်လို့ သက်ဆိုင်ရာလေးတော့ သိစေချင်တာပေါ့ဗျာ ...”
“ရေး-ထားဝယ်-မြိတ်လမ်းပါ၊ တောက်လျှောက် အဲလိုဘီးနဲ့လှိမ့်ရမဲ့ဟာ တွားသွားပြီး အရောက်နှင်ခဲ့ရတယ် ...” တဲ့။ ဒေါက်တာကျော်ဆန်းဘာလုပ်နေလဲ
ကာတွန်း ဟာဂျူလီ (ကသာ) ရဲ့ အောက်က ကာတွန်းလေးနဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ :)
Subscribe to:
Posts (Atom)






